(Zawgyi)
Autism ဆိုတာ ဘာလဲ။
Autism Spectrum Disorder (ASD) ဆိုတာ သာမန် ဦးနှောက်ဖွံ့ဖြိုးမှုမဟုတ်ဘဲ ကွဲပြားခြားနားတဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု ဖြစ်စဉ်ဖြစ်သည်။ ယနေ့ထိ သိပ္ပံပညာရှင်တွေက ဦနှောက်များ ဖွံ့ဖြိုးမှု မတူရတဲ့ အကြောင်းအရင်း ကို တိတိကျကျ မသိရှိ ကြသေးပါဘူး။ ဒါပေမယ့် တစ်ချို့သော ASD ဖြစ်သူတွေမှာတော့ ကွဲပြားခြားနားတဲ့ မျိုးရိုးဗီဇ(Genetic)တွေ တွေ့ရှိရပါသည်။ ASD ဖြစ်ရခြင်းမှာ အကြောင်းအမျိုးမျိုးဖြစ်နိုင်သော်လည်း အများစုကို ယခုအချိန်အထိ တိတိကျကျ မသိရှိသေးပါ။
ASD ဖြစ်သူတွေဟာ အပြောအဆို၊ လူမှုဆက်ဆံရေး၊အပြုအမူနှင့် သင်ယူမှုတို့မှာ အများနှင့်မတူ ကွဲပြားခြား နားနေပါသည်။ သင်ယူ တွေးခေါ်မှုပိုင်းတွင် သူတို့ထဲက အချို့ဟာ အလွန်တော်သည့် အဆင့်မှ သင်ယူနိုင်စွမ်း နိမ့်ကျလွန်းသော အဆင့် အထိ ကွာခြားတတ်ပါသည်။ အချို့မှာ တစ်စုံတစ်ယောက်၏ အကူအညီ မပါပဲ မိမိတစ်ကိုယ်ရေ နိစ္စဓူဝကိစ္စများကိုပင် လုပ်ဆောင်နိုင်ရန် ခဲယဉ်းသော်လည်း အချို့တွေမှာမူ အကူအညီ မလိုပဲ ရပ်တည်နိုင်စွမ်း ရှိကြသည်။
ယခင်က ပုံမှန်မဟုတ်သော ဦးနှောက် ဖွံ့ဖြိုးမှုတွေမှာမှ သီးသန့်ခွဲခြား သတ်မှတ်ထားသော Autistic Disorder,Pervasive Developmental Disorder Not Otherwise Specified(PDD-NOS), and Asperger Syndrome တို့ကို ယခုအခါ ASD အောက်ရှိ ကွဲပြားတဲ့ ဖြစ်စဉ်အဖြစ် သတ်မှတ် ထားပါသည်။ ဖွံဖြိုးတိုးတက်မှူ့ နောက်ကျ ခြင်း အဆင့်ကို လူမှူ့ဆက်ဆံရေး အားနည်းမှူ့၊ အကန့်အသတ်ဖြင့် ထပ်ခါတလဲလဲ ပြုလုပ် မှု့ တွေပေါ် မှုတည် ပြီး သတ်မှတ်ထားပါသည်။
ကလေး ၆၈ ယောက်မှာ ၁ ယောက်နှုန်း ရှိသည်။
ကလေးအသက် ပထမ ၃နှစ် အတွင်း Autism ကို သိရှိနိုင်သည်။
အားနည်းသည့် အချက်များ
(၁) ပေါင်းသင်းဆက်ဆံရေးအားနည်းခြင်း။
(၂)ပြောဆို ဆက်သွယ်ရေး အားနည်းခြင်း။
(၃)တွေးခေါ်မှု့ပိုင်းဆိုင်ရာတွင် အားနည်းခြင်း။
လူမျိုးမရွေး မည်သည့် လူတန်းစား မဆို ဖြစ်နိုင်ခြေရှိသည်။
ASD သည် ယောက်ျားကလေးများတွင် အဖြစ်များသည်။(ယောက်ကျားလေး ၄၂ ယောက်မှာ ၁ ယောက်နှုန်း၊ မိန်းကလေး ၁၉၈ ယောက်တွင် ၁ ယောက်နှုန်း)
Source
https://www.cdc.gov/ncbddd/autism/index.html