(Zawgyi)
Autism ဘာကြောင့်ဖြစ်လဲ။
Autism ဘာကြောင့်ဖြစ်လဲ ဆိုတာ ယခုအချိန်ထိ လေ့လာနေကြဆဲပါ။ ကျွမ်းကျင်ပညာရှင်များက Autism တစ်ယောက် ဖြစ်လာရခြင်းဟာ အကြောင်းအရာ၊ အခြေအနေများစွာ ပါဝင်ပတ်သက်နေနိုင်သည်ဟု ယူဆကြသည်။ Autism ဖြစ်ပွားမှု့ဟာ (ဦးနှောက်ဖွံ့ဖြိုးမှုကို သက်ရောက်စေနိုင်သော) ရုပ်ပိုင်းဆိုင်ရာ အချက်အလက်များကြောင့် ဖြစ်နိုင်ခြေရှိသည်ဟု ယုံကြည်ကြသည်။ သို့ သော် ကလေးတစ်ယောက်ကို ဘယ်လို စိတ်အခြေအနေနှင့် ကြီးပြင်းလာခဲ့ရသည်ဆိုသော စိတ်ပိုင်းဆိုင်ရာနှင့်တော့ မပတ်သတ်ပါ။
ပြီးတော့မျိုးဗီဇ (Genetic) နှင့်လဲ ဆက်နွယ်နိုင်သည်ဟု တွေ့ရှိချက် တစ်ချို့က ဖော်ပြနေပါတယ်။ သိပ္ပံပညာရှင်များက ဘယ် မျိုးရိုးဗီဇက Autism ကို ဖြစ်ပေါ်စေသလဲဆိုတာ ရှာဖွေလျှက်ရှိဆဲပါတယ်။ Autism ဟာ တစ်ခုထက်ပိုသော မျိုးဗီဇ (Genetic) များကြောင့် ဖြစ်ခြင်း ဖြစ်နိုင်သည် ဟု ယုံကြည်ကြသည်။
• သိပ္ပံပညာရှင် အများစုက မျိုးဗီဇဟာ လူတစ်ယောက် Autism ဖစ်ရတဲ့ အကြောင်းအရင်းများစွာထဲက တစ်ခု ဖြစ်သည်ဟု ယုံကြည်ကြသည်။
• ပထမကလေး တွင် ASD ရှိပါက နောက်ထပ် မွေးလာသော ကလေးတွင် ASD ဖြစ်ဖို့ အလားအလာပိုများပါသည်။
• ASD သည် မျိုးဗီဇ တစ်ချို့တွင် (သို့) Fragile X syndrome/Tuberous sclerosis ကဲ့သို့သော Chromosomal conditions များတွင် ဖြစ်နိုင်ခြေ ပိုများသည်။
• ကိုယ်ဝန်ဆောင်နေချိန်တွင် မိခင်က Valproic acid and Thalidomide ကဲ့သို သော ဆေးများသောက်သုံးပါက ကလေးတွင် Autism ဖြစ်နိုင်ခြေများသည်။
• သာဓကများ အရ ကလေး မမွေးဖွားမှီ၊ မွေးဖွားစဉ်နှင့် မွေးပြီးပြီးခြင်း အချိန်များသည် ASD စတင်ဖြစ်ပွားနိုင်ခြေ ရှိသည့် အလွန်အရေးကြီးသော ကာလများ ဖြစ်သည်။
• မိဘက အသက်ကြီးမှ ရသော ကလေးများတွင် ASD ဖြစ်နိုင်ခြေ ပိုများသည်။
Ref: https://www.cdc.gov/ncbddd/autism/facts.html